Thursday, December 24, 2015

The Necklace



"The Necklace"

"လည်ဆွဲရတနာ"


One Sunday, while Daw May Thi was sitting on a bench in the park, she saw a beautifully dressed woman walking across the park. Daw May Thi looked carefully and fond that it was her friend, Daw Sein Kyi.

တစ်ခုသော တနင်္ဂနွေနေ့မှာပေါ့ ..... ဒေါ်မေသီတစ်ယောက် ပန်းခြံထဲက ခုံတန်းလေးပေါ်မှာထိုင်နေတုန်း လှလှပပ၀တ်စားထားတဲ့ အမျိုးသမီးတစ်ယောက် ပန်းခြံကိုဖြတ်ပြီး လမ်းလျှောက်သွားတာကို မြင်ခဲ့တယ်။ ဒေါ်မေသီက သေသေချာချာ ကြည့်လိုက်တဲ့အခါမှာတော့ အဲဒီအမျိုးသမီးက သူမရဲ့သူငယ်ချင်း ဒေါ်စိန်ကြည်မှန်းသိခဲ့ရတာပေါ့။
 
She had not seen Daw Sein Kyi for quite a number of years, but Daw Sein Kyi still looked young and beautiful. "Should I speak to her?" thought Daw May Thi to herself. "Well, why not? After all, I've given her back what I took from her," she decided.
 
သူမက ဒေါ်စိန်ကြည်နဲ့ မတွေ့ဖြစ်တာ နှစ်တွေတောင် တော်တော်ကြာခဲ့ပြီ၊ ဒါပေမယ့် ဒေါ်စိန်ကြည်ကတော့ လှပနုပျိုနေတုန်းပဲ။ "ငါ သူ့ကို စကားသွားပြောသင့်ရဲ့လား" လို့ ဒေါ်မေသီက သူမဖာသာတွေးမိတယ်။ "ကောင်းပြီလေ၊ ဘာလို့ မပြောရမှာလဲ၊ ငါ သူ့ဆီက ယူထားတာကိုလဲ ပြန်ပေးပြီပြီပဲ" ဆိုပြီး သူမ ဆုံးဖြတ်လိုက်တော့တယ်။
 
"Hello, Ma Sein Kyi," greeted Daw May Thi.
 
"မင်္ဂလာပါ မစိန်ကြည်" လို့ ဒေါ်မေသီက နှုတ်ဆက်လိုက်တယ်။
 
The other woman looked at Daw May Thi, who was quite poorly dressed and looked rather pale and thin.
 
တခြားအမျိုးသမီးကတော့ အတန်ငယ်ဆင်းဆင်းရဲရဲပုံစံ ၀တ်ဆင်ထားပြီး ဖျော့တော့ပိန်ပါးနေရှာတဲ့ ဒေါ်မေသီကို ကြည့်လိုက်တယ်။
 
"Hello," she returned the greeting. "But I'm afraid I don't know you," Daw Sein Kyi added. "I think you're making a mistake."
 
"မင်္ဂလာပါ" လို့ သူမပြန်နှုတ်ဆက်လိုက်တယ်။ "ဒါပေမယ့် ၀မ်းနည်းပါတယ်၊ ကျွန်မ ရှင့်ကို မသိပါဘူး" လို့လဲ ဆက်ပြောလိုက်တယ်။ "ရှင် လူမှားနေတာထင်တယ်"။
 
"No, I'm not," replied Daw May Thi. "I'm May Thi. Don't you remember me, Ma Sein Kyi?"
 
"မဟုတ်ဘူး၊ မမှားပါဘူး" "ကိုယ်က မေသီပါ၊ ကိုယ့်ကို မမှတ်မိဘူးလား မစိန်ကြည်ရဲ့"။လို့ ဒေါ်မေသီက ပြန်ပြောတယ်။
 
"Oh, my poor May Thi," said Daw Sein Kyi. "How you've changed!"
 
"အို ... သနားစရာ မေသီရယ်။ မင်းပြောင်းလဲသွားလိုက်တာ" လို့ ဒေါ်စိန်ကြည်က ပြောလိုက်တယ်။
 
"Well, I've had some hard times since I last saw you," replied Daw May Thi. "And I've had a lot of unhappiness _ all because of you."
 
"အင်း ... မင်းကို နောက်ဆုံးတစ်ခေါက် တွေ့ပြီးကတည်းက ကိုယ့်မှာ ခက်ခဲတဲ့အချိန်တွေ ဖြစ်ခဲ့တယ် ..... မင်းအတွက်ကြောင့်ပါပဲလေ" လို့ ဒေါ်မေသီက ပြန်ပြောခဲ့တယ်။
 
"Because of me?" asked Daw Sein Kyi. "How could that be?"
 
"ကိုယ့်ကြောင့်တဲ့လား။ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" လို့ ဒေါ်စိန်ကြည် မေးခဲ့တယ်။
 
"Do you remember, Ma Sein Kyi," said Daw May Thi, "that about ten years ago I borrowed a diamond necklace from you?"
 
"မင်းမှတ်မိလား ..... လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကလေ၊ မင်းဆီကနေ ကိုယ် စိန်လည်ဆွဲတစ်ခု ငှားခဲ့တာကို" လို့ ဒေါ်မေသီ ပြောခဲ့တယ်။
 
"Yes, I do," answered Daw Sein Kyi.
 
"အင်း မှတ်မိတာပေါ့" လို့ ဒေါ်စိန်ကြည်လဲ ပြန်ဖြေခဲ့တယ်"။
 
"Well, I lost that necklace and .........."
 
"အဲဒါပေါ့ ..... ကိုယ် အဲဒီလည်ဆွဲကို ပျောက်သွားခဲ့တယ်လေ၊ ပြီးတော့ .........."
 
"Lost it? No, you didn't. You returned it to me," said Daw Sein Kyi.
 
"ပျောက်သွားတယ်။ မဟုတ်ပါဘူး ၊မင်းမပျောက်ပါဘူး။ မင်းကိုယ့်ကို ပြန်ပေးခဲ့တယ်လေ" လို့ ဒေါ်စိန်ကြည်က ပြောလိုက်တယ်။
 
"Yes, I returned a necklace," explained Daw May Thi. "But that wasn't your necklace. I lost you necklace and I bought another one just it."
 
"ဟုတ်တယ်၊ ကိုယ်ပြန်ပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒါမင်းလည်ဆွဲ မဟုတ်ဘူး။ မင်းရဲ့လည်ဆွဲကို ပျောက်သွားပြီး အဲဒီပုံစံအတိုင်း တခြားလည်ဆွဲတစ်ခုကို ပြန်ဝယ်ပေးခဲ့တာပါ" လို့ ဒေါ်မေသီက ရှင်းပြတယ်။
 
"No!" exclaimed Daw Sein Kyi.
 
"မဟုတ်ဘူး" ဒေါ်စိန်ကြည် ပြောလိုက်တယ်။
 
"Yes," said Daw May Thi. "I didn't have the money, but I borrowed it and bought a diamond necklace just like the one you lent me. I've been paying back debt, the money I borrowed. This is the last month, and soon I will have no debt to settle."
 
"ဟုတ်တယ်။ ကိုယ့်မှာ ပိုက်ဆံမရှိပါဘူး။ ဒါပေမယ့် ကိုယ်ချေးယူခဲ့တယ်။ ပြီးတော့ မင်းငှားပေးတဲ့ လည်ဆွဲအတိုင်း စိန်လည်ဆွဲတစ်ခုဝယ်ခဲ့တယ်လေ။ အဲဒီအတွက် ကိုယ်ချေးခဲ့တဲ့ပိုက်ဆံကို အကြွေးပြန်ဆပ်နေရတာ။ ဒီလက နောက်ဆုံးလပဲ၊ ဒါပြီးရင်တော့ ကိုယ်ဆပ်စရာ အကြွေးတွေ မရှိတော့ဘူး" လို့ ဒေါ်မေသီက ပြောပြလိုက်တယ်။
 
For a few moments, Daw Sein Kyi just could not say a word. She looked at Daw May Thi with her wide eyes. Finally, she said, "Did you say you bought a diamond to replace mine?"
 
အချိန်အနည်းငယ်လောက် ဒေါ်စိန်ကြည် ဘာစကားမှ မပြောနိုင်လောက်အောင် ဖြစ်သွားခဲ့တယ်။ ဒေါ်မေသီကိုပဲ မျက်လုံးအ၀ိုင်းသားနဲ့ ကြည့်နေမိတယ်။ နောက်ဆုံးမှ "မင်း ကိုယ့်လည်ဆွဲကို အစားပြန်ပေးဖို့ စိန်လည်ဆွဲတစ်ကုံး ၀ယ်ခဲ့တယ်လို့ ပြောလိုက်တာလား" လို့ မေးလိုက်တယ်။
 
"Yes," answered Daw May Thi. "You didn't notice the difference, did you?" ahe asked.
 
"ဟုတ်တယ်" လို့ ဒေါ်မေသီ ပြန်ဖြေခဲ့တယ်။ "မတူမှန်း မင်း မရိပ်မိဘူးမို့လား" လို့ သူမက မေးလိုက်တယ်။
 
"No, I didn't," replied Daw Sein Kyi. "But, May Thi, the diamonds in my necklace were not real diamonds, They were imitations!" And she held May Thi's hands in hers, feeling very sorry for May Thi.
 
"ဟင့်အင်း။ ကိုယ် မရိပ်မိခဲ့ဘူး။ ဒါပေမယ့် မေသီရယ် ..... ကိုယ့်စိန်လည်ဆွဲက စိန်တွေက အစစ်မဟုတ်ဘူး။ အတုတွေပါ" လို့ ဒေါ်စိန်ကြည်က ပြောလိုက်တယ်။ ပြီးတော့ သူမက ဒေါ်မေသီအတွက် သိပ်ကို ၀မ်းနည်းသွားပြီး ဒေါ်မေသီရဲ့ လက်တွေကို သူမရဲ့လက်တွေနဲ့ ဆုပ်ကိုင်ထားလိုက်ပါတော့တယ်

English Source: READER EIGHT
အင်္ဂလိပ် မူရင်း : အဋ္ဌမတန်း အင်္ဂလိပ်ဖတ်စာ

Photo Credit : Original uploader
ဓာတ်ပုံ : မူလတင်သူ

Different Types of Reading

  "Different Types of Reading"

"စာဖတ်နည်းအမျိုးမျိုး"



This time, what we are going to present is about different types of reading.
အခုတင်ပြမယ့် အကြောင်းအရာလေးကတော့ စာဖတ်နည်းအမျိုးမျိုးအကြောင်း ဖြစ်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
The type of reading (sometimes called reading strategy) will be determined predominantly by the purpose for the reading.
စာဖတ်ခြင်းအမျိုးအစားများ (တစ်ခါတစ်ရံ စာဖတ်ခြင်းနည်းဗျူဟာလို့လဲ ခေါ်ပါတယ်) ကို အဓိကအားဖြင့် စာဖတ်ရတဲ့ရည်ရွယ်ချက်အလိုက် ခွဲခြားသတ်မှတ်နိုင်ပါတယ်။

Some important categories are:
တစ်ချို့ အရေးကြီးတဲ့ အမျိုးအစားတွေကတော့ -

1 SKIMMING. The eyes run quickly over the text to discover what it is about, the main idea(s), the gist. Thus, skimming occurs in the following.
၁ အပေါ်ယံရှပ်၍ဖတ်ခြင်း။ မျက်လုံးတွေကို စာသားတွေပေါ် အလျှင်အမြန်လှုပ်ရှားစေပြီး အကြောင်းအရာကဘာ၊ အဓိကရည်ရွယ်ချက်ကဘာ၊ ဆိုလိုရင်းကဘာ ဆိုတာတွေ့ကို ရှာဖွေတာမျိုးပါ။ ဒါကြောင့်မို့ အပေါ်ယံရှပ်ဖတ်ခြင်းကို အောက်ပါအခြေအနေတွေမှာ တွေ့ရပါတယ်။

(i) When the reader looks quickly at the contents page of a book, or at the chapter headings, subheadings, etc. This is sometimes called previewing. Another example is when the reader glances quickly through a newspaper to see what are the main items of the day. This will often mean just glancing at the headlines.
(၁) စာဖတ်သူတစ်ယောက်က စာအုပ်တစ်အုပ်ရဲ့ အကြောင်းအရာ စာမျက်နှာ၊ ဒါမှမဟုတ် သင်ခန်းစာခေါင်းစဉ်တွေ၊ ခေါင်းစဉ်ခွဲတွေ စတာတွေကို မြန်မြန်လေး ကြည့်လိုက်တာမျိုးပါ။ ဒါကို တစ်ခါတစ်ရံမှာတော့ စာမြည်းခြင်းလို့လဲ ခေါ်ပါတယ်။ တခြား ဥပမာတစ်ခုကတော့ စာဖတ်သူက ဒီနေ့ သတင်းစာထဲ ဘာအကြောင်းအရာတွေပါသလဲလို့ ဖျတ်ခနဲကြည့်လိုက်တာမျိုးပါ။ ဒါဟာ ရံဖန်ရံခါမှာတော့ ခေါင်းစီးစာကြောင်းတွေကို ဖျတ်ခနဲကြည့်ရုံတင်လေးလို့ ဆိုလိုပါတယ်။

(2) When the reader goes through a particular passage such as a newspaper article merely to get the gist.
(၂) စာဖတ်သူက သတင်းစာပါ စာပိုဒ်တစ်ခုခုကို ဆိုလိုရင်း သိရရုံမျှဖတ်တဲ့အခါမျိုးပါ။

2 SCANNING. Here the reader is on the look-out for a particular item or items he believes is in the text; for example, the name of the scorer in a football report. Again it is fairly fast reading with instant rejection of all irrelevant data, perhaps most of the text.
၂ နှံ့စပ်အောင်ဖတ်ခြင်း။ ဒီမှာတော့ စာဖတ်သူက ဒီစာထဲမှာ သူရှာနေတဲ့ အကြောင်းအရာ (တွေ) ပါလိမ့်မယ်လို့ ယုံကြည်ပြီး ရှာကြည့်နေတဲ့ အနေအထားပါ။ ဥပမာ ဘောလုံးပွဲရလဒ်တင်ပြချက်ထဲမှာ အနိုင်ရတဲ့အသင်းရဲ့နာမည်ကို ရှာတာမျိုးပါ။ နောက်ပြီးတော့ ဒီအမျိုးအစားဟာ မဆီလျော်ရဲ့ အချက်အလက်တွေ (စာသားအားလုံးနီးပါးလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်) အားလုံးကို တောက်လျှောက် ရှောင်ရှားသွားတဲ့အတွက် အတော်အသင့် မြန်ဆန်တဲ့ စာဖတ်နည်းဖြစ်ပါတယ်။

3 INTENSIVE READING. Also called study reading, this involves close study of the text. As the amount of comprehension should be high, the speed of reading is correspondently slower.
၃ စူးစူးစိုက်စိုက်ဖတ်ခြင်း။ လေ့လာဖတ်ရှုခြင်းလို့လဲ ခေါ်ပြီး ဒီစာဖတ်နည်းမှာ စာသားကို အတွင်းကျကျလေ့လာမှု ပါဝင်ရပါတယ်။ နားလည်မှုအတိုင်းအတာ မြင့်မားသင့်သည်နှင့်အညီ ဒီစာဖတ်နည်းဟာ ပိုနှေးပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~
We wish all of you could chose the best way according to the purpose of your reading.
မိတ်ဆွေတို့အားလုံး မိမိရဲ့ စာဖတ်ရတဲ့ ရည်ရွယ်ချက်နဲ့အညီ အကောင်းဆုံးနည်းလမ်းကို ရွေးချယ်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

English sourse: The teaching of English as an International Language (Edited by - Gerry Abbott & Peter Wingard)

Photo Credit: Original uploader

THE NOBEL PRIZE

 

 "THE NOBEL PRIZE"

"နိုဘယ်လ်ဆု"


 
Every year in the newspapers we read about the people getting Noble Prizes. But what is a Nobel Prize? Who gives it? And what kind of people get Nobel Prizes?
ကျွန်ုပ်တို့ဟာ နိုဘယ်လ်ဆုရတဲ့သူတွေ အကြောင်းကို သတင်းစာထဲမှာ နှစ်စဉ်နှစ်တိုင်း ဖတ်ရပါတယ်။ ဒါပေမယ့် နိုဘယ်လ်ဆုဆိုတာ ဘာလဲ။ ဘယ်သူက ပေးတဲ့ဆုလဲ။ ဘယ်လိုလူတွေက နိုဘယ်လ်ဆုရတာလဲ။

The prized is named after Alfred Nobel, the Swedish chemist who invented dynamite, a high explosive to blow up anything. He was born in 1833 and died in 1896.
ဒီဆုကိုအမည်ကို ဆွီဒင်နိုင်ငံသား ဓာတုဗေဒပညာရှင်ဖြစ်ပြီး အရာရာကို ဖောက်ခွဲပစ်နိုင်စွမ်း မြင့်မားတဲ့ ဒိုင်းနမိုက်ကိုတီထွင်ခဲ့သူ အဲလ်ဖရက်ဒ် နိုဘယ်လ်ကို အစွဲပြုပြီးပေးထားတာ ဖြစ်ပါတယ်။ သူ့ကို ၁၈၃၃ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၁၈၉၆ ခုနှစ်မှာတော့ ဆုံးပါးသွားခဲ့ပါတယ်။

At first, Nobel was not a wealthy man. However, after his discovery of dynamite, he became very rich by manufacturing and selling dynamite as well as other kinds of high explosive.
အစကတော့ နိုဘယ်လ်ဟာ ကြွယ်ဝချမ်းသာသူတစ်ယောက် မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် သူဟာ ဒိုင်းနမိုက်ကို ရှာဖွေတွေ့ရှိပြီးတဲ့နောက် ဒိုင်းနမိုက်အပါအဝင် အခြားသော ပေါက်ကွဲနှုန်းမြင့်ပစ္စည်းတွေကို ထုတ်လုပ်ရောင်းချပြီး သိပ်ကို ချမ်းသာသွားပါတယ်။

One day, Nobel felt ill and during his illness, he thought much about his invention became sad. He was sad not because he had invented dynamite but because people were using his invention to kill one another.
တစ်နေ့မှာတော့ နိုဘယ်လ်ဟာ နာမကျန်းဖြစ်ခဲ့ပြီး အဲဒီလိုဖျားနာနေတုန်းမှာ သူ့ရဲ့တီထွင်မှုအကြောင်းကို တော်တော်လေးစဉ်းစားမိပြီး ဝမ်းနည်းလာပါတော့တယ်။ သူဝမ်းနည်းတာက ဒိုင်းနမိုက်ကို တီထွင်ခဲ့မိလို့မဟုတ်ဘဲ သူ့ရဲ့တီထွင်မှုကို လူတွေက တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ဖို့ အသုံးပြုနေတာကြောင့်ပါပဲ။

Therefore, before he died, he wrote a will. (A will is a paper written and signed by a person, telling others what to do with his money when he dies.) In that will, Nobel said that his money should be used to award prizes to people who have done outstanding work in peace, literature, physics, chemistry and medicine.
ဒါကြောင့်မို့ သူက မသေခင်မှာ သေတမ်းစာတစ်စောင်ကို ရေးထားခဲ့ပါတယ်။ (သေတမ်းစာဆိုတာ လူတစ်ယောက်က သူသေတဲ့အခါ သူ့ရဲ့ငွေတွေကို ဘာလုပ်ရမယ်ဆိုတာ တခြားသူတွေကို ပြောပြပြီး လက်မှတ်ထိုးထားတဲ့ စာတစ်စောင်ပါ။) သူ့ရဲ့ သေတမ်းစာမှာတော့ နိုဘယ်လ်က သူ့ရဲ့ငွေတွေကို ငြိမ်းချမ်းရေး၊ စာပေ၊ ရူပဗေဒ၊ ဓာတုဗေဒနဲ့ ဆေးပညာတို့မှာ ထူးချွန်ပြောင်မြောက်စွာ လုပ်နိုင်တဲ့သူတွေကို ဆုချီးမြှင့်တဲ့အခါ အသုံးပြုဖို့ မှာကြားခဲ့ပါတယ်။

Since Nobel's death, prizes have been awarded every year by the Swedish government to men and women who have worked hard and have achieved outstanding success in those fields. They are chosen from all over the world and the prizes are large sums of money. These large sums of money are given to the outstanding workers to help them continue their work of improving the world.
နိုဘယ်လ် သေဆုံးပြီးကတည်းက ဆွီဒင်အစိုးရဟာ ဖော်ပြပါနယ်ပယ်တွေမှာ ကြိုးကြိုးစားစား လုပ်ဆောင်ပြီး ရွပ်ရွပ်ချွံချွံအောင်မြင်မှုတွေ ရရှိခဲ့တဲ့ အမျိုးသား၊ အမျိုးသမီးတွေကို နှစ်စဉ်နှစ်တိုင်း ဆုချီးမြှင့်ခဲ့ပါတယ်။ ၄င်းတို့ကို ကမ္ဘာ့နေရာအနှံ့အပြားမှ ရွေးချယ်ပြီး ဆုကြေးငွေဟာလဲ များပြားတဲ့ပမာဏ ဖြစ်ပါတယ်။ ဒီလိုများပြားတဲ့ ငွေပမာဏတွေကို ထူးချွန်တဲ့ အလုပ်သမားတွေ ကမ္ဘာကြီးကိုတိုးတက်စေဖို့ လုပ်ဆောင်တဲ့ လုပ်ငန်းတွေမှာ အကူအညီဖြစ်စေဖို့ ပေးအပ်တာဖြစ်ပါတယ်။

Thus, since that time, writers, physicists, chemists, doctors and people who work for peace have won Nobel prizes. The highest award, which is usually a very large sum of money, is given to the person who has done the greatest service in the cause of international peace.
ဒါကြောင့် အဲဒီအချိန်ကစပြီး စာရေးဆရာတွေ၊ ရူပဗေဒပညာရှင်တွေ၊ ဓာတုဗေဒပညာရှင်တွေ၊ ဆရာဝန်တွေနဲ့ ငြိမ်းချမ်းရေးလှုပ်ရှားသူတွေဟာ နိုဘယ်လ်ဆုတွေ ရရှိခဲ့ကြပါတယ်။ အလွန့်အလွန်များတဲ့ ဆုကြေးငွေပမာဏ ဖြစ်လေ့ရှိတဲ့ အမြင့်ဆုံးဆုကိုတော့ နိုင်ငံတကာငြိမ်းချမ်းရေးအတွက် အကြီးကျယ်ဆုံး စွမ်းဆောင်နိုင်သူကို ပေးအပ်ခြင်း ဖြစ်ပါတယ်။

English source: Reader Eight
Translated by : Dream High Education
Photo Credit : Original uploader

Wednesday, December 23, 2015

Keep Your Dream



"Keep Your Dream"  
"မင်းရဲ့အိပ်မက်ကို ထိန်းသိမ်းပါ"

I have a friend named Monty Roberts who owns a horse ranch in San Ysidro. He has let me use his house to put on fund-raising events to raise money for youth at risk programs. 
ကျွန်ုပ်တွင် ဆန်စီဒရို၌ မြင်းမွေးမြူရေးခြံတစ်ခြံပိုင်သော မွန်တီရောဘတ်စ်ဆိုသည့် သူငယ်ချင်းတစ်ဦးရှိသည်။ သူသည် စွန့်စားသောလူငယ်အစီအစဉ်များအတွက် ရံပုံငွေပွဲများပြုလုပ်ရန် ကျွန်ုပ်အား သူ၏အိမ်ကိုအသုံးပြုခွင့် ပေးထားလေသည်။

The last time I was there he introduced me by saying:
ပြီးခဲ့သောအခေါက် ကျွန်ုပ်အဲဒီမှာရှိစဉ် သူကဤကဲ့သို့ပြောပြီး ကျွန်ုပ်ကိုမိတ်ဆက်ပေးခဲ့သည်။

“I want to tell you why I let Jack use my house. It all goes back to a story about a young man who was the son of an itinerant horse trainer who would go from stable to stable, race track to race track, farm to farm and ranch to ranch, training horses. As a result, the boy‟s high school career was continually interrupted. When he was a senior, he was asked to write a paper about what he wanted to be and do when he grew up.”
"ကျုပ်က ဂျက်ခ်ကိုဘာဖြစ်လို့ ကျုပ်ရဲ့အိမ်ကို သုံးခွင့်ပြုရတယ်ဆိုတာ ခင်ဗျားတို့ကို ပြောပြချင်တယ်။ ဒါတွေအားလုံးက မြင်းဇောင်းတစ်ခုကနေ တစ်ခုကိုသွား၊ ပြေးလမ်းတစ်လမ်းကနေ တစ်လမ်း၊ လယ်ကွင်တစ်ကွင်းကနေ တစ်ကွင်း၊ မြင်းမွေးမြူရေးခြံ တစ်ခြံကနေတစ်ခြံ မြင်းပြိုင်ရင်း မြင်းတွေကိုလေ့ကျင့်ပေးတဲ့ နယ်လှည့်မြင်းထိန်းတစ်ယောက်ရဲ့ သားဖြစ်တဲ့ လူငယ်လေးတစ်ယောက်ရဲ့ ဇာတ်လမ်းကြောင့်ပဲ။ ရလဒ်ကတော့ ကောင်လေးရဲ့ အထက်တန်းကျောင်းသားဘဝ ပြတ်တောက်ခဲ့ရတာပေါ့။ သူစီနီယာကျောင်းသားတုန်းက သူကြီးတဲ့အခါ ဘာဖြစ်ချင်တယ်ဆိုတာကို စာတမ်းရေးဖို့ ဆရာက ခိုင်းခဲ့တယ်။"

“That night he wrote a seven-page paper describing his goal of someday owning a horse ranch. He wrote about his dream in great detail and he even drew a diagram of a 200-acre ranch, showing the location of all the buildings, the stables and the track. Then he drew a detailed floor plan for a 4,000-square-foot house that would sit on a 200-acre dream ranch.”
"အဲဒီညမှာတော့ ကောင်လေးက သူ့ရည်မှန်းချက်ဖြစ်တဲ့ တစ်နေ့ကျရင် မြင်းမွေးမြူရေးခြံတစ်ခြံ ပိုင်ဆိုင်ရမယ်ဆိုတဲ့အကြောင်း စာမျက်နှာ ခုနစ်မျက်နှာပါတဲ့ စာတမ်းတစ်စောင်ကို ရေးခဲ့တာပေါ့။ သူက သူ့အိပ်မက်ကို အသေးစိတ် ခမ်းခမ်းနားနားရေးခဲ့တယ်။ ပြီးတော့ ဧက ၂၀၀ ကျယ်တဲ့ မြင်းမွေးမြူရေးခြံထဲ အဆောက်အဦးတွေက ဘယ်နား၊ မြင်းဇောင်းတွေက ဘယ်နား၊ ပြေးလမ်းတွေက ဘယ်နားဆိုတာတွေကို ပုံတစ်ပုံပါ ဆွဲပြလိုက်သေးတယ်။"

“He put a great deal of his heart into the project and the next day he handed it in to his teacher. Two days later he received his paper back. On the front page was a large red F with a note that read, `See me after class!'"
"သူက သူ့ရဲ့စိတ်နှလုံးကို ဒီစီမံကိန်းထဲမှာ အများကြီးနှစ်မြှုပ်ထားခဲ့ပြီး နောက်နေ့မှာတော့ သူ့ဆရာဆီအပ်လိုက်တယ်။ နောက်နှစ်ရက်ကြာတော့ သူ့ရဲ့စာတမ်းကို ပြန်ရခဲ့တယ်။ စာတမ်းတဲ့ ရှေ့ဆုံးစာမျက်နှာပေါ်မှာတော့ မင်နီနဲ့ 'ရှုံး' ဆိုတဲ့စာလုံး အကြီးကြီးကို 'အတန်းပြီးရင်လာတွေ့ပါ' ဆိုတဲ့မှတ်ချက်နဲ့အတူ တွေ့လိုက်ရတယ်လေ။"

"The boy with the dream went to see the teacher after class and asked, `Why did I receive an F?'”
"အိပ်မက်တွေနဲ့ကောင်လေးကတော့ အတန်းလဲပြီးရော သူ့ဆရာဆီသွားတွေ့ပြီး 'ကျွန်တော်ဘာလို့ ရှုံး ရတာလဲ' လို့ မေးလိုက်တယ်။"

“The teacher said, `This is an unrealistic dream for a young boy like you. You have no money. You come from an itinerant family. You have no resources. Owning a horse ranch requires a lot of money. You have to buy the land. You have to pay for the original breeding stock and later you‟ll have to pay large stud fees. There‟s no way you could ever do it.‟ Then the teacher added, `If you will rewrite this paper with a more realistic goal, I will reconsider your grade.'”
"ဆရာက ဘာပြောလဲဆိုတော့ 'ဒါက မင်းလိုကောင်လေးတစ်ယောက်အတွက် ယုတ္တိမရှိတဲ့အိပ်မက်ပဲ။ မင်းမှာ ပိုက်ဆံလဲမရှိဘူး။ မင်းက မြင်းထိန်းမိသားစုကလာတာ။ မင်းမှာ အရင်းအနှီးတွေ မရှိဘူး။ မြင်းမွေးမြူရေး ခြံတစ်ခြံပိုင်ဖို့ဆိုတာ ပိုက်ဆံအများကြီး ရှိဖို့လိုတယ်။ မြေဝယ်ရမယ်။ သားဖောက်ဖို့ မူလမြင်းတွေအတွက် ကုန်အုံးမယ်၊ နောက်တော့ သားစပ်ဖို့မြင်းတွေအတွက်လဲ ကုန်အုံးမယ်။ မင်းအဲဒါကို လုပ်နိုင်စရာ အကြောင်းကိုမရှိဘူး။' ပြီးတော့ ဆရာက ထပ်ပြောသေးတယ် 'မင်း ပိုပြီး ယုတ္တိရှိတဲ့ ရည်မှန်းချက်တစ်ခုအကြောင်း စာတမ်းပြန်ရေးခဲ့မယ်ဆိုရင်တော့ မင်းရဲ့အဆင့်ကို ပြန်စဉ်းစားပေးမယ်' တဲ့။"

“The boy went home and thought about it long and hard. He asked his father what he should do. His father said, `Look, son, you have to make up your own mind on this. However, I think it is a very important decision for you.‟ Finally, after sitting with it for a week, the boy turned in the same paper, making no changes at all."
"ကောင်လေးက အိမ်ပြန်လာပြီးတော့ အဲဒီကိစ္စကို အကြာကြီး ခက်ခက်ခဲခဲ စဉ်းစားတယ်။ သူဘာလုပ်သင့်တယ်ဆိုတာကို သူ့အဖေကိုမေးတယ်။ သူ့အဖေက ဘာပြောလဲဆိုတော့ 'ဒီမှာကြည့်စမ်း ငါ့သား၊ ဒီကိစ္စမှာ သားစိတ်ထဲရှိတဲ့အတိုင်း ဆုံးဖြတ်ရမယ်။ ဒါပေမယ့်လေ ဒါကသားအတွက် သိပ်အရေးပါတဲ့ ဆုံးဖြတ်ချက်တစ်ခုလို့ အဖေထင်တယ်' တဲ့။ အဲဒီကိစ္စအတွက် တစ်ပတ်ကြာအချိန်ယူပြီး နောက်ဆုံးတော့ ကောင်လေးက အဲဒီစာတမ်းကိုပဲ ဘာတစ်ခုမှ မပြင်ဘဲနဲ့ သူ့ဆရာဆီ ပြန်တင်လိုက်တယ်။"

"He stated, „You can keep the F and I‟ll keep my dream.'”
"သူက ဘာပြောခဲ့လဲဆိုတော့ 'ဆရာက ရှုံး လို့ ရေးမြဲ ရေးနိုင်ပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့အိပ်မက်ကိုပဲ မက်မြဲ မက်နေမှာပါ' တဲ့။

Monty then turned to the assembled group and said, “I tell you this story because you are sitting in my 4,000-square-foot house in the middle of my 200-acre horse ranch. I still have that school paper framed over the fireplace.”
ထို့နောက် မွန်တီက စုဝေးနေတဲ့ လူအုပ်ကြီးဘက်သို့ လှည့်၍ "ကျုပ်ဘာကြောင့် ခင်ဗျားတို့ကို ဒီဇာတ်လမ်း ပြောပြရသလဲဆိုတော့ ခင်ဗျားတို့ အခုထိုင်နေတာက ဧက ၂၀၀ ကျယ်တဲ့ ကျုပ်ရဲ့ မြင်းမွေးမြူရေးခြံထဲက စတုရန်းပေ ၄၀၀၀ ရှိတဲ့ ကျုပ်ရဲ့ အိမ်ကြီးထဲမှာ မို့လို့ပဲ။ ကျောင်းတုန်းက အဲဒီစာတမ်းကို ကျုပ်အခုထိ ဘောင်ကွပ်ပြီး မီးဖိုရဲ့အပေါ်မှာ သိမ်းထားတယ်" ဟု ပြောလိုက်သည်။

He added, “The best part of the story is that two summers ago that same schoolteacher brought 30 kids to camp out on my ranch for a week. When the teacher was leaving, the teacher said, „Look, Monty, I can tell you this now. When I was your teacher, I was something of a dream stealer. During those years I stole a lot of kids‟ dreams. Fortunately you had enough gumption not to give up on yours.'"
သူက ဆက်၍ "ဒီဇာတ်လမ်းရဲ့ အကောင်းဆုံးအပိုင်းကတော့ လွန်ခဲ့တဲ့ နှစ်နှစ်က အဲဒီကျောင်းဆရာ ကျုပ်ရဲ့ မြင်းမွေးမြူရေးခြံကို ကလေးအယောက် ၃၀ နဲ့ တစ်ပတ်ကြာ စခန်းချလေ့လာရေး လာတုန်းကပေါ့။ ဆရာက ပြန်ခါနီးကျတော့ 'ကြည့်စမ်းပါအုံး မွန်တီ၊ ငါအခုတော့ ပြောနိုင်ပါပြီ။ ငါ မင်းရဲ့ဆရာဖြစ်ခဲ့တုန်းက အိပ်မက်တွေကို ခိုးတဲ့သူတစ်ယောက် ဖြစ်ခဲ့တယ်။ အဲဒီနှစ်တွေမှာ ငါက ကလေးတွေရဲ့ အိပ်မက်ပေါင်းများစွာကို ခိုးခဲ့မိပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ မင်းကတော့ မင်းရဲ့အိပ်မက်ကို လက်မလျှော့ဖို့ စွမ်းအင်တွေ အရည်အချင်းတွေ အလုံအလောက် ရှိနေခဲ့တယ်။"

"Don't let anyone steal your dreams. Follow your heart, no matter what.”
"ဘယ်သူ့ကိုမှ မင်းရဲ့အိပ်မက်တွေကို ခိုးယူခွင့်မပြုနဲ့။ မင်းရဲ့ နှလုံးသားကို လိုက်နာပါ၊ ဘာတွေပဲဖြစ်ဖြစ်ပေါ့။"

– Author Unknown
- ရေးသူ အမည်မသိ

English Source:  http://academictips.org/blogs/keep-your-dream/
Translated by : Dream High Education