"THE NOBEL PRIZE"
"နိုဘယ်လ်ဆု"
Every year in the newspapers we read about the people getting
Noble Prizes. But what is a Nobel Prize? Who gives it? And what kind of
people get Nobel Prizes?
ကျွန်ုပ်တို့ဟာ နိုဘယ်လ်ဆုရတဲ့သူတွေ အကြောင်းကို သတင်းစာထဲမှာ နှစ်စဉ်နှစ်တိုင်း ဖတ်ရပါတယ်။ ဒါပေမယ့် နိုဘယ်လ်ဆုဆိုတာ ဘာလဲ။ ဘယ်သူက ပေးတဲ့ဆုလဲ။ ဘယ်လိုလူတွေက နိုဘယ်လ်ဆုရတာလဲ။
The prized is named after Alfred Nobel, the Swedish chemist who invented dynamite, a high explosive to blow up anything. He was born in 1833 and died in 1896.
ဒီဆုကိုအမည်ကို ဆွီဒင်နိုင်ငံသား ဓာတုဗေဒပညာရှင်ဖြစ်ပြီး အရာရာကို ဖောက်ခွဲပစ်နိုင်စွမ်း မြင့်မားတဲ့ ဒိုင်းနမိုက်ကိုတီထွင်ခဲ့သူ
အဲလ်ဖရက်ဒ် နိုဘယ်လ်ကို အစွဲပြုပြီးပေးထားတာ ဖြစ်ပါတယ်။ သူ့ကို ၁၈၃၃
ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၁၈၉၆ ခုနှစ်မှာတော့ ဆုံးပါးသွားခဲ့ပါတယ်။
At first, Nobel was not a wealthy man. However, after his discovery of dynamite, he became very rich by manufacturing and selling dynamite as well as other kinds of high explosive.
အစကတော့ နိုဘယ်လ်ဟာ ကြွယ်ဝချမ်းသာသူတစ်ယောက် မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် သူဟာ ဒိုင်းနမိုက်ကို ရှာဖွေတွေ့ရှိပြီးတဲ့နောက် ဒိုင်းနမိုက်အပါအဝင် အခြားသော ပေါက်ကွဲနှုန်းမြင့်ပစ္စည်းတွေကို ထုတ်လုပ်ရောင်းချပြီး သိပ်ကို ချမ်းသာသွားပါတယ်။
One day, Nobel felt ill and during his illness, he thought much about his invention became sad. He was sad not because he had invented dynamite but because people were using his invention to kill one another.
တစ်နေ့မှာတော့ နိုဘယ်လ်ဟာ နာမကျန်းဖြစ်ခဲ့ပြီး အဲဒီလိုဖျားနာနေတုန်းမှာ သူ့ရဲ့တီထွင်မှုအကြောင်းကို တော်တော်လေးစဉ်းစားမိပြီး ဝမ်းနည်းလာပါတော့တယ်။ သူဝမ်းနည်းတာက ဒိုင်းနမိုက်ကို တီထွင်ခဲ့မိလို့မဟုတ်ဘဲ သူ့ရဲ့တီထွင်မှုကို လူတွေက တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ဖို့ အသုံးပြုနေတာကြောင့်ပါပဲ။
Therefore, before he died, he wrote a will. (A will is a paper written and signed by a person, telling others what to do with his money when he dies.) In that will, Nobel said that his money should be used to award prizes to people who have done outstanding work in peace, literature, physics, chemistry and medicine.
ဒါကြောင့်မို့ သူက မသေခင်မှာ သေတမ်းစာတစ်စောင်ကို ရေးထားခဲ့ပါတယ်။ (သေတမ်းစာဆိုတာ လူတစ်ယောက်က သူသေတဲ့အခါ သူ့ရဲ့ငွေတွေကို ဘာလုပ်ရမယ်ဆိုတာ တခြားသူတွေကို ပြောပြပြီး လက်မှတ်ထိုးထားတဲ့ စာတစ်စောင်ပါ။) သူ့ရဲ့ သေတမ်းစာမှာတော့ နိုဘယ်လ်က သူ့ရဲ့ငွေတွေကို ငြိမ်းချမ်းရေး၊ စာပေ၊ ရူပဗေဒ၊ ဓာတုဗေဒနဲ့ ဆေးပညာတို့မှာ ထူးချွန်ပြောင်မြောက်စွာ လုပ်နိုင်တဲ့သူတွေကို ဆုချီးမြှင့်တဲ့အခါ အသုံးပြုဖို့ မှာကြားခဲ့ပါတယ်။
Since Nobel's death, prizes have been awarded every year by the Swedish government to men and women who have worked hard and have achieved outstanding success in those fields. They are chosen from all over the world and the prizes are large sums of money. These large sums of money are given to the outstanding workers to help them continue their work of improving the world.
နိုဘယ်လ် သေဆုံးပြီးကတည်းက ဆွီဒင်အစိုးရဟာ ဖော်ပြပါနယ်ပယ်တွေမှာ ကြိုးကြိုးစားစား လုပ်ဆောင်ပြီး ရွပ်ရွပ်ချွံချွံအောင်မြင်မှုတွေ
ရရှိခဲ့တဲ့ အမျိုးသား၊ အမျိုးသမီးတွေကို နှစ်စဉ်နှစ်တိုင်း
ဆုချီးမြှင့်ခဲ့ပါတယ်။ ၄င်းတို့ကို ကမ္ဘာ့နေရာအနှံ့အပြားမှ ရွေးချယ်ပြီး
ဆုကြေးငွေဟာလဲ များပြားတဲ့ပမာဏ ဖြစ်ပါတယ်။ ဒီလိုများပြားတဲ့ ငွေပမာဏတွေကို
ထူးချွန်တဲ့ အလုပ်သမားတွေ ကမ္ဘာကြီးကိုတိုးတက်စေဖို့ လုပ်ဆောင်တဲ့
လုပ်ငန်းတွေမှာ အကူအညီဖြစ်စေဖို့ ပေးအပ်တာဖြစ်ပါတယ်။
Thus, since that time, writers, physicists, chemists, doctors and people who work for peace have won Nobel prizes. The highest award, which is usually a very large sum of money, is given to the person who has done the greatest service in the cause of international peace.
ဒါကြောင့် အဲဒီအချိန်ကစပြီး စာရေးဆရာတွေ၊ ရူပဗေဒပညာရှင်တွေ၊ ဓာတုဗေဒပညာရှင်တွေ၊ ဆရာဝန်တွေနဲ့ ငြိမ်းချမ်းရေးလှုပ်ရှားသူတွေဟာ နိုဘယ်လ်ဆုတွေ ရရှိခဲ့ကြပါတယ်။ အလွန့်အလွန်များတဲ့ ဆုကြေးငွေပမာဏ ဖြစ်လေ့ရှိတဲ့ အမြင့်ဆုံးဆုကိုတော့ နိုင်ငံတကာငြိမ်းချမ်းရေးအတွက် အကြီးကျယ်ဆုံး စွမ်းဆောင်နိုင်သူကို ပေးအပ်ခြင်း ဖြစ်ပါတယ်။
English source: Reader Eight
Translated by : Dream High Education
Photo Credit : Original uploader
ကျွန်ုပ်တို့ဟာ နိုဘယ်လ်ဆုရတဲ့သူတွေ အကြောင်းကို သတင်းစာထဲမှာ နှစ်စဉ်နှစ်တိုင်း ဖတ်ရပါတယ်။ ဒါပေမယ့် နိုဘယ်လ်ဆုဆိုတာ ဘာလဲ။ ဘယ်သူက ပေးတဲ့ဆုလဲ။ ဘယ်လိုလူတွေက နိုဘယ်လ်ဆုရတာလဲ။
The prized is named after Alfred Nobel, the Swedish chemist who invented dynamite, a high explosive to blow up anything. He was born in 1833 and died in 1896.
ဒီဆုကိုအမည်ကို ဆွီဒင်နိုင်ငံသား ဓာတုဗေဒပညာရှင်ဖြစ်ပြီး အရာရာကို ဖောက်ခွဲပစ်နိုင်စွမ်း မြင့်မားတဲ့ ဒိုင်းနမိုက်ကိုတီထွင်ခဲ့သူ
At first, Nobel was not a wealthy man. However, after his discovery of dynamite, he became very rich by manufacturing and selling dynamite as well as other kinds of high explosive.
အစကတော့ နိုဘယ်လ်ဟာ ကြွယ်ဝချမ်းသာသူတစ်ယောက် မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် သူဟာ ဒိုင်းနမိုက်ကို ရှာဖွေတွေ့ရှိပြီးတဲ့နောက် ဒိုင်းနမိုက်အပါအဝင် အခြားသော ပေါက်ကွဲနှုန်းမြင့်ပစ္စည်းတေ
One day, Nobel felt ill and during his illness, he thought much about his invention became sad. He was sad not because he had invented dynamite but because people were using his invention to kill one another.
တစ်နေ့မှာတော့ နိုဘယ်လ်ဟာ နာမကျန်းဖြစ်ခဲ့ပြီး အဲဒီလိုဖျားနာနေတုန်းမှာ သူ့ရဲ့တီထွင်မှုအကြောင်းကို တော်တော်လေးစဉ်းစားမိပြီး ဝမ်းနည်းလာပါတော့တယ်။ သူဝမ်းနည်းတာက ဒိုင်းနမိုက်ကို တီထွင်ခဲ့မိလို့မဟုတ်ဘဲ သူ့ရဲ့တီထွင်မှုကို လူတွေက တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ဖို့ အသုံးပြုနေတာကြောင့်ပါပဲ။
Therefore, before he died, he wrote a will. (A will is a paper written and signed by a person, telling others what to do with his money when he dies.) In that will, Nobel said that his money should be used to award prizes to people who have done outstanding work in peace, literature, physics, chemistry and medicine.
ဒါကြောင့်မို့ သူက မသေခင်မှာ သေတမ်းစာတစ်စောင်ကို ရေးထားခဲ့ပါတယ်။ (သေတမ်းစာဆိုတာ လူတစ်ယောက်က သူသေတဲ့အခါ သူ့ရဲ့ငွေတွေကို ဘာလုပ်ရမယ်ဆိုတာ တခြားသူတွေကို ပြောပြပြီး လက်မှတ်ထိုးထားတဲ့ စာတစ်စောင်ပါ။) သူ့ရဲ့ သေတမ်းစာမှာတော့ နိုဘယ်လ်က သူ့ရဲ့ငွေတွေကို ငြိမ်းချမ်းရေး၊ စာပေ၊ ရူပဗေဒ၊ ဓာတုဗေဒနဲ့ ဆေးပညာတို့မှာ ထူးချွန်ပြောင်မြောက်စွာ လုပ်နိုင်တဲ့သူတွေကို ဆုချီးမြှင့်တဲ့အခါ အသုံးပြုဖို့ မှာကြားခဲ့ပါတယ်။
Since Nobel's death, prizes have been awarded every year by the Swedish government to men and women who have worked hard and have achieved outstanding success in those fields. They are chosen from all over the world and the prizes are large sums of money. These large sums of money are given to the outstanding workers to help them continue their work of improving the world.
နိုဘယ်လ် သေဆုံးပြီးကတည်းက ဆွီဒင်အစိုးရဟာ ဖော်ပြပါနယ်ပယ်တွေမှာ ကြိုးကြိုးစားစား လုပ်ဆောင်ပြီး ရွပ်ရွပ်ချွံချွံအောင်မြင်မ
Thus, since that time, writers, physicists, chemists, doctors and people who work for peace have won Nobel prizes. The highest award, which is usually a very large sum of money, is given to the person who has done the greatest service in the cause of international peace.
ဒါကြောင့် အဲဒီအချိန်ကစပြီး စာရေးဆရာတွေ၊ ရူပဗေဒပညာရှင်တွေ၊ ဓာတုဗေဒပညာရှင်တွေ၊ ဆရာဝန်တွေနဲ့ ငြိမ်းချမ်းရေးလှုပ်ရှားသူတေ
English source: Reader Eight
Translated by : Dream High Education
Photo Credit : Original uploader
No comments:
Post a Comment